Video Editing စလုပ်မဲ့ Beginner တွေအတွက် Editing Software ရွေးချယ်မှု Road Map Guide
Content Creator / Editor / Social Media Personal Branding
Video Editing စလုပ်မယ့် Beginner တစ်ယောက်အတွက်ဆိုရင် Software ရွေးတဲ့နေရာမှာ ရှုပ်မသွားစေချင်ဘူး။ ကျွန်တော်အခုပြထားတဲ့ ပြောပြမဲ့ အချက်အလက်တွေကို သေချာစဥ်းစားပြီး ရေရှည်မှာ ကိုယ်နဲ့သင့်တော်မဲ့ Editing Software တစ်ခုကို ရွေးစေချင်ပါတယ်။
1. CapCut (အလွယ်ဆုံး Video Editing Software) Mobile/Desktop နှစ်မျိုးလုံးရှိ)
- အားသာချက်
- အရမ်းလွယ် Tik Tok ဗီဒီယိုအတို Personal Vlog တွေအတွက် တည်းဖြတ်မယ်ဆိုရင် သင့်တော်။
- တစ်ရက်တည်းနဲ့တင် Edit လုပ်တတ်နိုင် လေ့လာစူးစမ်းမှုအားကောင်းသူသာဆိုရင်။
- Mobile မှာပါသုံးလို့ရ (Android/iOS)၊ ကွန်ပြူတာ Version လည်းရှိ။
- CapCut က Video Editing မလုပ်တတ်တဲ့သူတွေ အတွက်အလွယ်ကူဆုံး အရိုးရှင်းဆုံးဖြစ်အောင်ဖန်တီးပေးထားတဲ့ software တစ်ခုပါ Video Editing အခြေခံတောင်သိစရာမလိုပါဘူး ဒါကြောင့် Ready made Effects, Transitions, Text တွေ AI Auto-generated feature အများကြီး ထည့်ပေးထား။
- အားနည်းချက်
- Free ရဖို့မဖြစ်နိုင်တော့ ၀ယ်သုံးရဖို့များ capcut ကစီးပွားရေးအရမ်းဆန်လာ။
- Professional Editor / Professional Content Creator အနေနဲ့ ရေရှည်မှာ Quality content တွေဖန်တီးချင်ရင် သုံးဖို့ လုံး၀ လုံး၀ မသင့်တော်ပါ။
- Capcut သုံးရင် Video Editing အခြေခံတွေအများကြီးလွတ်နိုင်ပါတယ် သူက အခြေခံအဆင့်တွေအများကြီးကို ခုန်ပျံကျော်လွှားထားလို့ဖြစ်ပါတယ်။ Professional Video Editor ဖြစ်ချင်သူ Content Creator အနေနဲ့ personal Branding video content ဖန်တီးချင်သူတွေအတွက်ဆိုရင် မသင့်တော်ပါ။
- CapCut က Professional Video Editing Software မဟုတ်ပါ။
- Industry Standard တွေနဲ့လဲမကိုက်ညီသလို third party plugin / Editing Resource support တွေလဲမရှိပါ။
ဒီလိုလူတွေအတွက် သင့်တော်တယ်: